Unicode
ရွှေစာရံဘုရား(စောမွန်လှ)
မောဘုရင် စဝ်ဖှလုံဟိုမိန်း နှင့် စယ်လန့်မင်းသမီးလေး အကြောင်းပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှမ နှစ်ယောက်ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်းလှသည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်းသည် ငယ်ဖြစ်သည်။
စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်းမှာ ရှိသည့် စစ်လက်နက် ပစ္စည်းများအားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက်များ လင်းလက်ပြီး လုပ်ရှားခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်းဘာသာအရ လတ်လှိုင်း တယ်လို့ခေါ်ဆိုပါသည် ဓိပ္ဗါယ်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေးအား စဝ်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာ အချို့က စဝ်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြပါသည်။ မြန်မာလို ပြန်ဆိုရေးသားရာမှ စောမွန်လှ ခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။
.
ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် တရုတ်ပြည် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ်တရုတ်ပြည် (ယခုယူနန်-နနချိုပြည်၌) ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်ရှိသည် ကြား၍ စွယ်တော် ပင့်ယူရန် စစ်သည် ဗိုလ်ပါ များစွာနှင့် ချီတော်မှုသည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါသည်။
ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်သို့ ရောက်သော်၊ တရုတ် ဥတည်ဘွား သည်လည်း မြို့တံခါးကိုပိတ်၍ အခိုင်နေလင့်၏ သို့သော နောက်ပိုင်း၌ ပြေငြိမ်းကြကာ အနော်ရထာမင်း နှင့် ဦးတည်ဘွားတို့ ကြည်ကြည် သာသာပင် ပြောဆုိဆက်ဆံ ကြလေသည်။ စွယ်တော်မြတ် ကိုကား အနော်ရထာမင်း အဓိဋ္ဌာန်၍ ပင့်သောလည်း မကြွ- မလိုက်- မရခဲ့ချေ။ သို့ရာတွင် သိကြားမင်း ပေးဆက်သည် ဆိုသော မြဆင်းတု တစ်ဆူကိုကား ယူဆောင် လါခဲ့သည်ဟု မြန်မာ့မိုင်းက ဆိုသည်။ မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။
၎င်းတရုတ်ပြည်က အပြန်ခရီးတွင် သျှမ်းပြည်သို့ ရောက်ရာ မောကိုးပြည်ထောင်စုကို အစိုးရသော မောဘုရင် စဝ်လုံဟိုမိန်းနှင့် မဟာမိတ်ဖွဲ့သည် မောပြည်ရှိ လယ်ယာကန်သင်း များအားလည်း အနော်ရထာသည် နက်သက်အားကျ တော်မှုသည်။ ထို့ကြောင့် မောဘုရင် စေဝ်လုံဟိုမိန်းထံ ဆည်မောင်း ကန်သင်း လယ်ယာ များလုပ်ကိုင် ကျွမ်းကျင်သူများ တောင်းခံလေသည်။
မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် လယ်ယာ ကန်သင်း ဦးကြီးများပင်မက အနော်ရထာမင်း အား မိမိသမက် နိုင်ငံတော် အဖြစ် ဖြစ်လို၍ သမီးတော် စောမွန်လှနှင့် လက်ဆက် ပေးခဲ့လေသည်။ (မောဘုရင် ခွန်ဟိုမိန်းကို မြန်မာသမိုင်းဆရာအချို့က မိုးကောင်းဘုရင် ဟုရေးမှတ်ကြသည်)
သျှမ်း မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံး အရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်ကြလေသည်။ ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်။
မင်းသမီးလေး စောမွန်လှနှင့် ပါလာသောသျှမ်း တောင်သူ ဦးကြီးများသည် ယခုကျောက်ဆည် အရပ် သို့ ရောက်သောအခါ ကျောက်တုံးကျောက်ခဲများဖြင့် ဆည်ကန်သင်းများ တည်ဆောက်၍ လယ်များထွန် ယှက်စိုက်ပျိုးကြလေသည်။ ထိုသို့ကျောက်တုံး ကျောက်ခဲများဖြင့် ဆည်တည်ဆောက် လုပ်ကိုင်သောကြာင့် ယခုအချိန်ထိ ကျောက်ဆည်ဟု နာမည်တွင်ခဲလေသည်။ ထိုအရပ်၌ ယခုတိုင် သျှမ်းနာမည်နှင့် မြို့ရွာလေးများရှိသလို မိန်းမောဆိုတဲ့ ရွာလေးလည်း ရှိနေပါသည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းသည် ပုံဂံသို့ ရောက်ရှိ သောအခါ၊ သျှမ်းမင်းသမီလေး စောမွန်လှကို အလွန်မြတ်နိုးစွာ အပါးတော်မြဲ မိဖုရားသဖြစ် ထားတော်မှုသည်။ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ ကိုယ်တိုင်နှင့် မိဖုရားကြီးရဲ့ အမှုထမ်းများအပါ၀င် နန်းတွင်းသူအချို့ တို့ကပါ မလိုမုန်းတီးကြလေသည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦး ဖြစ်သလို မိန်းမောင်းလုံ နေပြည်တော်မှ ပါရှိလာသော သူမ နားတောင်းတွင် ဓါတ်တော်များ ကိန်၀ပ်၍ ဌာပနာထားသည်ဟု ဆိုသည်။ ထိုကြောင့် စောမွန်လှ ဘုရားရှစ်ခိုး ၀တ်ပြုစဉ်တွင် ထိုနားတောင်းမှ ရောင်ခြည်များ ထွန်းတောက် ကွန့်မြူးလေ့ ရှိသည်။ ဤသို့ ဖြစ်နေသည်ကို မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ နှင့် မောင်းမ မိဿံ တို့က တွေ့မြင်ကြသောအခါ မနာလိုရန်ငြိုးထား၍ မင်းကြီးအား စုန်းမ-ဖြစ်ကြောင်း လျှောက်ကြလေသည်။
အနော်ရထာ မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရား၀တ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရှုလေသည်။ ထိုအခါ နားတောင်းမှ ရောင်ခြည်များ ကွန့်မြူးသည်ကို မြင်တွေ့ရ၍ ယုံကြည်ရနိူး ဖြစ်နေစဉ် စောမွန်လှ၏ ဆွေမျိုးများမှ သမီးတော်လေး၏ သျှမ်း အမှုတော်ထမ်းများအား မစားရသည်မှာ ကြာပြီဖြစ်သော သျှမ်းအစားအစာများ ဖြစ်တဲ့ အီကုတ်၊ ဝါးပိုး၊ ငါးချဉ်၊ အသားချဉ် စသောအခြား အစားအစာများ ပေးပို့လိုက်သည်ကို မိဘုရားခေါင်ကြီးနှင့် အဖွဲ့သားများက မင်းကြီးအား စုန်းမျိုးဖြစ်၍ ဒီလိုပိုးကောင်းမျိုးကို စားကြသည်ဟု ဆိုကာ မင်းကြီး ကြည့်ရှု့ရန်ပြကြလေသည်။ မင်းကြီးလည်း တွေ့မြင်ကာ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ်လိုက်လေသည်။
ထိုအခါ သျှမ်း-မင်းသမီးလေး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ မိမ်ိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့့ရဲ့ရှုတ်ချ မိမိ အမျိုးဂုဏ်သိက္ခာ ကိုစော်ကား ခံရသည်ဖြစ်၍။ မိမိဖခင် ပင်လျှင်လည်း မိန်းမော အရှင်သခင် ဖြစ်သည့်အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မိန်းမောပြည်သို့ ထွက်လာခဲ့လေသည်။
ထိုသို့ထွက်ခွာလာသည့်လမ်းတစ်လျှောက်တွင် မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်းကြီးသည် သူမအား ချစ်ခင်မြတ်နိုးတော်မူသည့် အလျှောက် ပုဂံပြည်ကြီးသို့ ပြန်ခေါ်မည်ဟု ထင်မှတ်ကာ ကျောက်ဆည်မြို့သို့ အရောက်ခေတ္တနားသည့်အချိန်တွင် ကျောက်သားပေါ်သို့ အနော်ရထာမင်းကြီးသည် ငါ့အား ပုဂံပြည်သို့ ပြန်မခေါ်တော့ဘူးဆိုလျှင် ဤကျောက်သားမှ ရေထွက်ပါစေဟု အဓိဋ္ဌာန်ပြုလေရာ ကျောက်သားအောက်မှ ရေများထွက်လာလေသည်။ သို့နှင့် မင်းသမီးစောမွန်လှလည်း စိတ်နှလုံးမသာစွာနှင့် ခရီးဆက်ခဲ့လေ၏။ လမ်းခရီးတွင် (ယခု မန္တလေး အရှေ့တောင်ဘက်ဆီသို့ ရောက်သာအခါ)ချောင်းတစ်ခုကိုဖြတ် လေရာ နားတွင် ဝတ်ထားသော နားတောင်းတစ်ဖက်သည် ချောင်းထဲသို့ကျလေသည်။ နားတောင်းမှ ရောင်ခြည်တော်များကွန့်မြူးနေသည့်အတွက် ချောင်းရေတွင် ထင်ရှားစွာမြင်ရသော်လည်း မင်းသမီးစောမွန်လှသည် ကောက်မယူပဲ ခြုံထားသောပဝါကို ရေတွင်ချ၍ အနော်ရထာမင်းကြီးသည် ငါ့အား ပုဂံပြည်ကြီးသို့ ပြန်ခေါ်ပါမည်ဆိုပါက ဤနားတောင်းသည် ရေတွင်ကျန်ရစ်ပါစေ...... ပြန်မခေါ်တော့ဘူးဆိုလျှင် ပဝါမှာ ပါလာပါစေဟု အဓိဋ္ဌာန်ရာ နားတောင်းသည် ပဝါတွင်ကပ်ညှိပါလာလေသည်။ မင်းသမီးစောမွန်လှလည်း စိတ်နှလုံးမသာဖြစ်၊ လွန်စွာစိတ်လည်းဆိုးကာ နားတောင်းအားလွှင့်ပစ်လိုက်လေ၏။
ချောင်းနှင့်မနီးမဝေးတွင် အနားယူအိပ်စက်ကြလေရာ ညအခါတွင် စာပတီးငှက်များ အသံတစ်စာစာကြားသဖြင့် သွားရောက်ကြည့်ရှု့လေရာ မိမိလွှင့်ပစ်လိုက်သော နားတောင်းမှ ရောင်ခြည်တော်များထွက်ကာ စာပတီးငှက်များ နေ့အမှတ်ဖြင့် ပျော်မြူးနေကြသည်ကို မြင်ရလေ၏။
မင်းသမီးလေးသည် ဗုဒ္ဓဘာသာကို သက်၀င်ယုံကြည်သူ တယောက် ဖြစ်သည့်အလျှောက် ထိုနားတောင်း တဖက်နှင့် ဓါတ်တော်တို့ကို ဋ္ဌာပနာ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူကို တည်လေသည်။
ဘုရားမုတ်၀ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။
မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်၀ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက် လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ ပြန်ကြ လေသည်။ ( စောမွန်လှ နားတောင်း ကျခဲ့ချောင်းကို အခုတိုင် နားတောင်ကျချောင်းဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီးငှက်များ ခြံရံနေခြင်းကြောင့် ထိုနားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။
မင်းသမီးလေး စောမွန်လှ အပြန်ခရီး လမ်းတလျှောက်တွင် စေတီပေါင်းရှစ်ဆု တည်ခဲ့ပြီး ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာအရာ အရပ်၌ ကိုးဆူမြောက် စေတီအား ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။ ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ ကောင်းမှုးသည် သျှမ်းလို စေတီတော် ။ မော်ကေ-သည်(ဆားတွင်း ) -ဟုအဓိပ္ပါယ်ရပါသည်။ မြန်မာတို့က ဘောကြိုဘုရား ဟုခေါ်ဆိုကြသည်။
ထိ့ုနောက် ဖခင် မိန်းမော်ဘုရင် စဝ်ဖှလုံဟိုမိန်း အား ယခု ကျောက်ဆည်နယ်ရှိ သျှမ်းလူမျိုးများမှ ပုဂံနန်းတွင်းမှ သမီးတော်လေး ထွက်ရှိလာခဲ့ကြောင်းကို သံတော်ဦး တင်လျှောက်သောအခါ ဖခင်မင်းတရားကြီးမှ သားတော်ကြီး ဥပရာဇာ စဝ်ကော်လျန်း အားစစ်ကြောင်း ကြီးများလွှတ်၍ သမီးတော် စောမွန်လှအား သွားရောက် ကြိုဆို စေလေတော့သည်။
ထို့နောက် မောင်တာ် စဝ်ကော်လျန်း၏ အကြိုတပ်နှင့်လည်း မတွေ့ဆုံ မိန်းမောင်း နေပြည်တော်ဆီ လည်းမရောက်မှီ ယခု သီပေါ့နား အရောက် လမ်းခုလတ်မှာပင် ကံတော်ကုန်ရှာခဲ့လေသည်။(ခရီးပန်းခြင်းကြောင့်လား၊ စိတ်နှလုံးမချမ်းမသာဖြစ်၍ နှလုံးသွေးရပ်ကာ ကံတော်ကုန်ခဲ့ခြင်းလားမသိပါ)
အမတော်ကံကုန်သည်ဟု ကြားသိရသော မောင်တော် စဝ်ကော်လျန်း သည်လည်း အချို့ အမွာပူးတို့ ထုံးစံအရ အမတော်နှင့် မနှီးမဝေးမှာပင် ကံကုန်ခဲ့ရှာလေသည်။ ဒီနေ့အထိ မင်းသမီးလေး စောမွန်လှနှင့် မောင်တော် စဝ်ကော်လျန်းတို့ ဂူဗိမာန်ကို သီပေါမြို့နားတွင် အရိုးအိုး စေတီအဖြစ် တွေ့မြင်နိုင်ပါသည်။
ရှေးက ဘော်ကြိုဘုရား
မျိုးဆက်သစ်များ မိမိ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိန်းသိမ်းရင်း အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။
အဆင်ပြေကြပါစေ..........
(မန်းတလေး သား)
Zawgyi
ေရႊစာရံဘုရား(ေစာမြန္လွ)
ေမာဘုုရင္ စ၀္ဖွလုုံဟုုိမိန္း ႏွင့္ စယ္လန္႔မင္းသမီးေလး အေၾကာင္းပါလုုိ႔ ေပါင္းဖက္ရာက အမြာပူးေမာင္ႏွမ ႏွစ္ေယာက္ကုုိ ေမြးဖြား လာခဲ့ပါသည္။ ေစာမြန္းလွသည္ အႀကီးျဖစ္ၿပီး ေမာင္ေတာ္ ခြန္ေကာ္လန္းသည္ ငယ္ျဖစ္သည္။
ေစာမြန္လွကုုိ ေမြးဖြားခ်ိန္၌ မိန္းေမာလုုံ နန္းတြင္းမွာ ရွိသည့္ စစ္လက္နက္ ပစၥည္းမ်ားအားလုုံးတုုိ႔သည္ အေရာင္ၿဖိဳးၿဖိဳး ေျဖာက္ေျဖာက္မ်ား လင္းလက္ၿပီး လုုပ္ရွားခါရမ္း ေနျခင္းျဖစ္သည္။ (ထုုိသုုိ႔ျဖစ္ျခင္းကုုိ သွ်မ္းဘာသာအရ လတ္လႈိင္း တယ္လုုိ႔ေခၚဆုုိပါသည္ ဓိပၺါယ္ကေတာ့ ထူးဆန္းတဲ့ျဖစ္ရပ္၊ ) ထုုိ႔ေၾကာင့္ သမီးေတာ္ေလးအား စ၀္မိန္းလတ္ ဟုုေခၚတြင္ခဲ့ရာ အခ်ဳိ႕က စ၀္မြန္းလတ္ ဟုုေခၚဆုုိခဲ့ၾကပါသည္။ ျမန္မာလုုိ ျပန္ဆုုိေရးသားရာမွ ေစာမြန္လွ ေခၚဆုုိေရးသားခဲ့ျခင္းျဖစ္သည္။
.
ပုဂံျပည့္႐ွင္ အေနာ္ရထာမင္းႀကီးသည္ တ႐ုတ္ျပည္ ဥတည္ဘြားမင္း စိုးစံေနတဲ႔ ဂႏၶလရာဇ (ဂႏၶလရာဇ္) ေခၚတရုတ္ျပည္ (ယခုယူနန္-နနခ်ဳိျပည္၌) ဗုဒၶဘုရားရွင္ ျမတ္စြယ္ေတာ္ရွိသည္ ၾကား၍ စြယ္ေတာ္ ပင့္ယူရန္ စစ္သည္ ဗုိလ္ပါ မ်ားစြာႏွင့္ ခ်ီေတာ္မႈသည္။ က်န္စစ္သား စေသာ လူစြမ္းေကာင္း ေလးဦးႏွင့္ ေရႊဖ်ဥ္းႀကီး၊ ေရႊဖ်ဥ္းငယ္ တုိ႔လည္းပါသည္။
ဥတည္ဘြားမင္း စိုးစံေနတဲ႔ ဂႏၶလရာဇ (ဂႏၶလရာဇ္) ေခၚ တရုတ္ျပည္သုိ႔ ေရာက္ေသာ္၊ တရုတ္ ဥတည္ဘြား သည္လည္း ၿမဳိ႕တံခါးကုိပိတ္၍ အခုိင္ေနလင့္၏ သုိ႔ေသာ ေနာက္ပုိင္း၌ ေျပၿငိမ္းၾကကာ အေနာ္ရထာမင္း ႏွင့္ ဦးတည္ဘြားတုိ႔ ၾကည္ၾကည္ သာသာပင္ ေျပာဆု္ိဆက္ဆံ ၾကေလသည္။ စြယ္ေတာ္ျမတ္ ကုိကား အေနာ္ရထာမင္း အဓိ႒ာန္၍ ပင့္ေသာလည္း မၾကြ- မလုိက္- မရခဲ့ေခ်။ သုိ႔ရာတြင္ သိၾကားမင္း ေပးဆက္သည္ ဆုိေသာ ျမဆင္းတု တစ္ဆူကုိကား ယူေဆာင္ လါခဲ့သည္ဟု ျမန္မာ့မုိင္းက ဆုိသည္။ ျမန္မာ့သမုိင္း ပါေမာကၡ ေဒါက္တာသန္းထြန္းက ဘုရင္ေနာ္ရထာသည္ ယခုလက္ရွိ ျမန္မာနုိင္ငံဟုေခၚဆုိေသာ နယ္နမိတ္ အကုန္ထ အုပ္စီးႏုိင္ခ်င္း မရွိေသးပါ တရုတ္ကုိ ရန္စရန္မွာ မျဖစ္ႏုိင္ပါ မိန္းေမာနယ္စပပ္ တုိ႔ေရာက္ရွိသည္မွာ ျဖစ္ႏုိင္ေျခ ရွိသည္။
၎တရုတ္ျပည္က အျပန္ခရီးတြင္ သွ်မ္းျပည္သုိ႔ ေရာက္ရာ ေမာကုိးျပည္ေထာင္စုကုိ အစုိးရေသာ ေမာဘုုရင္ စ၀္လုုံဟုုိမိန္းႏွင့္ မဟာမိတ္ဖြဲ႔သည္ ေမာျပည္ရွိ လယ္ယာကန္သင္း မ်ားအားလည္း အေနာ္ရထာသည္ နက္သက္အားက် ေတာ္မႈသည္။ ထုုိ႔ေၾကာင့္ ေမာဘုုရင္ ေစ၀္လုုံဟုုိမိန္းထံ ဆည္ေမာင္း ကန္သင္း လယ္ယာ မ်ားလုုပ္ကုုိင္ ကၽြမ္းက်င္သူမ်ား ေတာင္းခံေလသည္။
ေမာဘုုရင္ ခြန္ဟုုိမိန္းသည္ ႏွစ္တုုိင္းျပည္ ခ်စ္ၾကည္ရင္းႏွီးေစရန္ လယ္ယာ ကန္သင္း ဦးႀကီးမ်ားပင္မက အေနာ္ရထာမင္း အား မိမိသမက္ ႏုုိင္ငံေတာ္ အျဖစ္ ျဖစ္လုုိ၍ သမီးေတာ္ ေစာမြန္လွႏွင့္ လက္ဆက္ ေပးခဲ့ေလသည္။ (ေမာဘုုရင္ ခြန္ဟုုိမိန္းကုုိ ျမန္မာသမုုိင္းဆရာအခ်ဳိ႕က မုုိးေကာင္းဘုုရင္ ဟုုေရးမွတ္ၾကသည္)
သွ်မ္း မင္းသမီးေလး ေစာမြန္လွသည္ အေနာ္ရထာမင္း ေနာက္သုိ႔ လုိက္ပါလာရာတြင္ ယခု ေတာင္ၿပဳံး အရပ္တုိ႔ ေရာက္ေသာ္ ဆုေတာင္းျပည့္ ေစတီကုိတည္ၾကေလသည္။ ေရႊဖ်ဥ္းညီေနာင္ တုိ႔လည္း အမႈထမ္း လစ္၍ အသတ္ခံရသည္။
မင္းသမီးေလး ေစာမြန္လွႏွင့္ ပါလာေသာသွ်မ္း ေတာင္သူ ဦးႀကီးမ်ားသည္ ယခုုေက်ာက္ဆည္ အရပ္ သုုိ႔ ေရာက္ေသာအခါ ေက်ာက္တုုံးေက်ာက္ခဲမ်ားျဖင့္ ဆည္ကန္သင္းမ်ား တည္ေဆာက္၍ လယ္မ်ားထြန္ ယွက္စုုိက္ပ်ဳိးၾကေလသည္။ ထုုိသုုိ႔ေက်ာက္တုုံး ေက်ာက္ခဲမ်ားျဖင့္ ဆည္တည္ေဆာက္ လုုပ္ကုုိင္ေသာၾကာင့္ ယခုုအခ်ိန္ထိ ေက်ာက္ဆည္ဟုု နာမည္တြင္ခဲေလသည္။ ထုုိအရပ္၌ ယခုုတုုိင္ သွ်မ္းနာမည္ႏွင့္ ၿမိဳ႕ရြာေလးမ်ားရွိသလုုိ မိန္းေမာဆုုိတဲ့ ရြာေလးလည္း ရွိေနပါသည္။
ပုုဂံျပည့္ရွင္ အေနာ္ရထာမင္းသည္ ပုံဂံသုိ႔ ေရာက္ရွိ ေသာအခါ၊ သွ်မ္းမင္းသမီေလး ေစာမြန္လွကုိ အလြန္ျမတ္ႏုိးစြာ အပါးေတာ္ၿမဲ မိဖုုရားသျဖစ္ ထားေတာ္မႈသည္။ မင္းတရားႀကီးရဲ႕ ခ်စ္ခင္ျမတ္ႏိုးျခင္း၊ အစစ ဦးစားေပးျခင္း၊ အေလးအနက္ ထားျခင္းတို႔အေပၚ မလိုမုန္းထားရွိခဲ႔သူက မိဖုရားေခါင္ႀကီး သီရိမာလာေဒဝီ ကိုယ္တိုင္ႏွင့္ မိဖုရားႀကီးရဲ႕ အမႈထမ္းမ်ားအပါ၀င္ နန္းတြင္းသူအခ်ိဳ႕ တုုိ႔ကပါ မလုုိမုုန္းတီးၾကေလသည္။
သွ်မ္းမင္းသမီးေလး ေစာမြန္လွသည္ ဘာသာတရား ကုုိင္းရႈိင္းသူတဦး ျဖစ္သလုုိ မိန္းေမာင္းလုုံ ေနျပည္ေတာ္မွ ပါရွိလာေသာ သူမ နားေတာင္းတြင္ ဓါတ္ေတာ္မ်ား ကိန္၀ပ္၍ ဌာပနာထားသည္ဟုု ဆုုိသည္။ ထုုိေၾကာင့္ ေစာမြန္လွ ဘုရားရွစ္ခုိး ၀တ္ျပဳစဥ္တြင္ ထုုိနားေတာင္းမွ ေရာင္ျခည္မ်ား ထြန္းေတာက္ ကြန္႔ျမဴးေလ့ ရွိသည္။ ဤသုိ႔ ျဖစ္ေနသည္ကုိ မိဖုရားေခါင္ႀကီး သီရိမာလာေဒဝီ ႏွင့္ ေမာင္းမ မိႆံ တုိ႔က ေတြ႔ျမင္ၾကေသာအခါ မနာလုုိရန္ၿငိဳးထား၍ မင္းႀကီးအား စုန္းမ-ျဖစ္ေၾကာင္း ေလွ်ာက္ၾကေလသည္။
အေနာ္ရထာ မင္းႀကီးလည္း မယုံၾကည္၍ ေစာမြန္လွ ဘုရား၀တ္ျပဳ ရာသုိ႔ တိတ္တဆိတ္ ေခ်ာင္းေျမာင္ ၾကည့္ရႈေလသည္။ ထုိအခါ နားေတာင္းမွ ေရာင္ျခည္မ်ား ကြန္႔ျမဴးသည္ကုိ ျမင္ေတြ႔ရ၍ ယုံၾကည္ရႏူိး ျဖစ္ေနစဥ္ ေစာမြန္လွ၏ ေဆြမ်ဳိးမ်ားမွ သမီးေတာ္ေလး၏ သွ်မ္း အမႈေတာ္ထမ္းမ်ားအား မစားရသည္မွာ ၾကာၿပီျဖစ္ေသာ သွ်မ္းအစားအစာမ်ား ျဖစ္တဲ့ အီကုုတ္၊ ၀ါးပုိး၊ ငါးခ်ဥ္၊ အသားခ်ဥ္ စေသာအျခား အစားအစာမ်ား ေပးပုိ႔လုိက္သည္ကုိ မိဘုရားေခါင္ႀကီးႏွင့္ အဖြဲ႔သားမ်ားက မင္းႀကီးအား စုုန္းမ်ဳိးျဖစ္၍ ဒီလုုိပုုိးေကာင္းမ်ဳိးကုုိ စားၾကသည္ဟုု ဆုုိကာ မင္းႀကီး ၾကည့္ရႈ႕ရန္ျပၾကေလသည္။ မင္းႀကီးလည္း ေတြ႔ျမင္ကာ ဧကန္မုခ် စုန္းမ- ျဖစ္ေၾကာင္း ယုံၾကည္သည္ႏွင့္ ေနရင္း သွ်မ္းျပည္သုိ႔ ျပန္ေစဟု ႏွင္ထုတ္လုိက္ေလသည္။
ထုိအခါ သွ်မ္း-မင္းသမီးေလး ေစာမြန္လွသည္ ရုိးသားသူ ဘာသာတရား ကုိင္းရႈိင္းသူျဖစ္၍ မိမ္ိရုိးရာ အစားအစာမ်ားအား အျပစ္တင္ ကဲ့့ရဲ႕ရႈတ္ခ် မိမိ အမ်ဳိးဂုဏ္သိကၡာ ကုိေစာ္ကား ခံရသည္ျဖစ္၍။ မိမိဖခင္ ပင္လွ်င္လည္း မိန္းေမာ အရွင္သခင္ ျဖစ္သည့္အေလွ်ာက္ ေၾကာက္ရြံ႕ျခင္း အလွ်င္မရွိ အေျခြအရံ အနည္းငယ္မွ်ႏွင့္ မိမိေမြးဌာနီ မိန္းေမာျပည္သုိ႔ ထြက္လာခဲ့ေလသည္။
ထိုသို႔ထြက္ခြာလာသည့္လမ္းတစ္ေလ်ွာက္တြင္ မင္းသမီးေလး ေစာမြန္လွသည္ အေနာ္ရထာမင္းႀကီးသည္ သူမအား ခ်စ္ခင္ျမတ္ႏိုးေတာ္မူသည့္ အေလွ်ာက္ ပုဂံျပည္ႀကီးသို႔ ျပန္ေခၚမည္ဟု ထင္မွတ္ကာ ေက်ာက္ဆည္ၿမိဳ႕သို႔ အေရာက္ေခတၱနားသည့္အခ်ိန္တြင္ ေက်ာက္သားေပၚသို႔ အေနာ္ရထာမင္းႀကီးသည္ ငါ့အား ပုဂံျပည္သို႔ ျပန္မေခၚေတာ့ဘူးဆိုလွ်င္ ဤေက်ာက္သားမွ ေရထြက္ပါေစဟု အဓိ႒ာန္ျပဳေလရာ ေက်ာက္သားေအာက္မွ ေရမ်ားထြက္လာေလသည္။ သို႔ႏွင့္ မင္းသမီးေစာမြန္လွလည္း စိတ္ႏွလံုးမသာစြာႏွင့္ ခရီးဆက္ခဲ့ေလ၏။ လမ္းခရီးတြင္ (ယခု မႏၱေလး အေရွ႕ေတာင္ဘက္ဆီသုိ႔ ေရာက္သာအခါ)ေခ်ာင္းတစ္ခုကိုျဖတ္ ေလရာ နားတြင္ ဝတ္ထားေသာ နားေတာင္းတစ္ဖက္သည္ ေခ်ာင္းထဲသို႔က်ေလသည္။ နားေတာင္းမွ ေရာင္ျခည္ေတာ္မ်ားကြန္႔ျမဴးေနသည့္အတြက္ ေခ်ာင္းေရတြင္ ထင္႐ွားစြာျမင္ရေသာ္လည္း မင္းသမီးေစာမြန္လွသည္ ေကာက္မယူပဲ ျခံဳထားေသာပဝါကို ေရတြင္ခ်၍ အေနာ္ရထာမင္းႀကီးသည္ ငါ့အား ပုဂံျပည္ႀကီးသို႔ ျပန္ေခၚပါမည္ဆိုပါက ဤနားေတာင္းသည္ ေရတြင္က်န္ရစ္ပါေစ...... ျပန္မေခၚေတာ့ဘူးဆိုလွ်င္ ပဝါမွာ ပါလာပါေစဟု အဓိ႒ာန္ရာ နားေတာင္းသည္ ပဝါတြင္ကပ္ညႇိပါလာေလသည္။ မင္းသမီးေစာမြန္လွလည္း စိတ္ႏွလံုးမသာျဖစ္၊ လြန္စြာစိတ္လည္းဆိုးကာ နားေတာင္းအားလႊင့္ပစ္လိုက္ေလ၏။
ေခ်ာင္းႏွင့္မနီးမေဝးတြင္ အနားယူအိပ္စက္ၾကေလရာ ညအခါတြင္ စာပတီးငွက္မ်ား အသံတစ္စာစာၾကားသျဖင့္ သြားေရာက္ၾကည့္႐ႈ႕ေလရာ မိမိလႊင့္ပစ္လိုက္ေသာ နားေတာင္းမွ ေရာင္ျခည္ေတာ္မ်ားထြက္ကာ စာပတီးငွက္မ်ား ေန႔အမွတ္ျဖင့္ ေပ်ာ္ျမဴးေနၾကသည္ကို ျမင္ရေလ၏။
မင္းသမီးေလးသည္ ဗုဒၶဘာသာကုိ သက္၀င္ယုံၾကည္သူ တေယာက္ ျဖစ္သည့္အေလွ်ာက္ ထုုိနားေတာင္း တဖက္ႏွင့္ ဓါတ္ေတာ္တုိ႔ကုိ ႒ာပနာ၍ ငါးေတာင္ျမင့္ ရွိေသာ ေစတီငယ္ တစ္ဆူကုိ တည္ေလသည္။
ဘုရားမုတ္၀ ကုိလည္း အေရွ႕ေမာသွ်မ္းျပည္ ဖက္သုိ႔ လွည့္ထားေလသည္။ ထုိအခ်င္းအရာကုိ အေနာ္ရထာမင္း ၾကားသိေသာ္ ဘုရားမုတ္ကုိ အေရွ႕ သွ်မ္းျပည္ဖက္သုိ႔ လွည့္ထားလွ်င္ ေစာမြန္လွကုိ သတ္ခဲ့။ ငါစုိးစံရာ အေနာက္ဖက္ ပုဂံျပည္ဖက္သုိ႔ လွည္ထားလွ်င္၊ အသက္ခ်မ္းသာေစဟု မင္းခ်င္းမ်ားကုိ ေစလြတ္လုိက္ ေလသည္။
မင္းခ်င္းတုိ႔ ညအခါ ေရာက္လာရာ မင္းသမီး ေစာမြန္လွက တန္စုိး လက္ေဆာင္ေပး၍ အေၾကာင္းကုိ ေမးျမန္ သိရေသာ အခါမွ။ ၎ညတြင္းပင္ မိမိ၏ ကုသုိလ္တုိ႔ကုိ ေအာင္ေမ့ခါ နတ္ေကာင္း နတ္ျမတ္တုိ႔ကုိ တုိင္တည္ အဓိ႒ာန္ျပဳ၍ ျမစီေသာ ေရႊဖ်င္တဘက္ျဖင့္ ဘုရားေစတီ ကုိပတ္ခ်ည္၍ လွည့္ေလရာ ဘုရားလည္၍ မုတ္၀ အေနာက္ ဖက္မက် အရွ႕ဖက္မက် (သွ်မ္းျပည္မက် ျမန္မာျပည္မက်) သုိ႔ေရာက္ ေလသည္။ နံနက္လင္း၍ မင္းခ်င္းတုိ႔ ျမင္ရေသာ ေစာမြန္လွ ကုိခ်မ္းသားေပး၍ ပုဂံသုိ႔ ျပန္ၾက ေလသည္။ ( ေစာမြန္လွ နားေတာင္း က်ခဲ့ေခ်ာင္းကုုိ အခုုတုုိင္ နားေတာင္က်ေခ်ာင္းဟုု ေခၚကာ ေစာမြန္လွ နားေတာင္းအား စာပတီးငွက္မ်ား ၿခံရံေနျခင္းေၾကာင့္ ထုုိနားေတာင္းျဖင့္ တည္ေသာ ေစတီေတာ္အား ေရႊစာရံဘုရား ဟု ယခုထက္တုိင္ ေက်ာ္ေစာလွေပသည္။
မင္းသမီးေလး ေစာမြန္လွ အျပန္ခရီး လမ္းတေလွ်ာက္တြင္ ေစတီေပါင္းရွစ္ဆုု တည္ခဲ့ၿပီး ဆက္လက္၍ ခရီးဆက္ခဲ့ရာ ယခုသီေပါၿမိဳ႕နား အေရာက္ ဆားထြက္ရွိရာအရာ အရပ္၌ ကုုိးဆူေျမာက္ ေစတီအား က်န္ရွိေသာ နားေတာင္းတဖက္အား ဌာပနာ၍ (၇-ေတာင္) အျမင့္ရွိေသာ ေစတီတဆူကုိ တည္ေလသည္ ။ ထုိေစတီကုိ သွ်မ္းတုိ႔က ေကာင္းမူးေမာ္ေက ဟု ေခၚသည္။ ေကာင္းမႈးသည္ သွ်မ္းလုိ ေစတီေတာ္ ။ ေမာ္ေက-သည္(ဆားတြင္း ) -ဟုအဓိပၸါယ္ရပါသည္။ ျမန္မာတုိ႔က ေဘာႀကိဳဘုရား ဟုေခၚဆိုၾကသည္။
ထ႔ုိေနာက္ ဖခင္ မိန္းေမာ္ဘုုရင္ စ၀္ဖွလုုံဟုုိမိန္း အား ယခုု ေက်ာက္ဆည္နယ္ရွိ သွ်မ္းလူမ်ဳိးမ်ားမွ ပုုဂံနန္းတြင္းမွ သမီးေတာ္ေလး ထြက္ရွိလာခဲ့ေၾကာင္းကုုိ သံေတာ္ဦး တင္ေလွ်ာက္ေသာအခါ ဖခင္မင္းတရားႀကီးမွ သားေတာ္ႀကီး ဥပရာဇာ စ၀္ေကာ္လ်န္း အားစစ္ေၾကာင္း ႀကီးမ်ားလႊတ္၍ သမီးေတာ္ ေစာမြန္လွအား သြားေရာက္ ႀကိဳဆုိ ေစေလေတာ့သည္။
ထုိ႕ေနာက္ ေမာင္တာ္ စ၀္ေကာ္လ်န္း၏ အႀကိဳတပ္ႏွင့္လည္း မေတြ႔ဆုံ မိန္းေမာင္း ေနျပည္ေတာ္ဆီ လည္းမေရာက္မွီ ယခုု သီေပါ့နား အေရာက္ လမ္းခုုလတ္မွာပင္ ကံေတာ္ကုန္ရွာခဲ့ေလသည္။(ခရီးပန္းျခင္းေၾကာင့္လား၊ စိတ္ႏွလံုးမခ်မ္းမသာျဖစ္၍ ႏွလံုးေသြးရပ္ကာ ကံေတာ္ကုန္ခဲ့ျခင္းလားမသိပါ)
အမေတာ္ကံကုုန္သည္ဟုု ၾကားသိရေသာ ေမာင္ေတာ္ စ၀္ေကာ္လ်န္း သည္လည္း အခ်ဳိ႕ အမြာပူးတုုိ႔ ထုုံးစံအရ အမေတာ္ႏွင့္ မႏွီးမေ၀းမွာပင္ ကံကုုန္ခဲ့ရွာေလသည္။ ဒီေန႔အထိ မင္းသမီးေလး ေစာမြန္လွႏွင့္ ေမာင္ေတာ္ စ၀္ေကာ္လ်န္းတုုိ႔ ဂူဗိမာန္ကုုိ သီေပါၿမိဳ႕နားတြင္ အရုုိးအုုိး ေစတီအျဖစ္ ေတြ႕ျမင္ႏုုိင္ပါသည္။
ေ႐ွးက ေဘာ္ႀကိဳဘုရား
မ်ဳိးဆက္သစ္မ်ား မိမိ အမ်ဳိး၊ ဘာသာ၊ သာသနာကုိ ကာကြယ္ ထိန္းသိမ္းရင္း အခ်င္းခ်င္း ရုိင္းပင္ကူညီ လက္တြဲလုပ္ကုိင္ ႏုိင္ၾကပါေစ။
အဆင္ေျပၾကပါေစ..........
(မန္းတေလး သား)
No comments:
Post a Comment